အိမ်မဲ မေ ၇
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးဖျင်းသလက်ကျေးရွာတွင် The Nippon Foundation မှ ဆောက်လုပ်လှူဒါန်းသော ၇၀'×၃၀' (RC)နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲကို မေလ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်၊The Nippon Foundation (Artic) မန်နေးဂျင်း ဒါရိုက်တာ ဦးစေတနာတို့က အဆိုပါကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ ခရိုင်ပညာရေးမှူးဆရာကြီး ဦးစသိန်းကျော်၊ The Nippon Foundation(Artic) မန်နေးဂျင်းဒါရိုက်တာ ဦးစေတနာတို့က အဖွင့်အမှာစကားနှင့် ပညာရေးဆိုင်ရာကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေးဌာနသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ပြီး အခြေခံပညာ အလယ်တန်ကျောင်း ငါးဖျင်းသလက် (တာဝန်ခံ)ကျောင်အုပ်ဆရာမကြီးက ကျောင်း၏ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြောင်းမြခရိုင် ပညာရေးမှူး၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အိမ်မဲမြို့နယ်ပညာရေးမှူး၊ အလှူရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)