နမ့်ဆန် မေ ၇
မေလ(၈)ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်၁၀ နာရီအချိန်ကရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Showတွင် နမ့်ဆန်မြို့နယ် ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့၏ ဆောင် ရွက်မှုများကို မေးမြန်းခဲ့ရာ မြို့နယ် ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးသိန်းကျော်က ကြက်ခြေနီ အဖွဲ့၏ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ကြက်ခြေနီနေ့အထိမ်းအမှတ်ကျင်းပရခြင်း အကြောင်းအရာများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်စေလိုသည့်အရာများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် နေ့မတိုင်မီ နမ့်ဆန် မြို့နယ် အတွင်းရှိ ဘုရားစေတီများ ဘုန်းကြီးကျောင်းများတွင်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက သန့်ရှင်းရေး ကုသိုလ်ပြုလုပ်ငန်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်