​ရွှေဘိုမြို့ အထက (၁) ​ကျောင်းသန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေဘို မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့၊ အထက () တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာခြင်များ မပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့ နံနက်၇နာရီအချိန်ကရွှေဘိုတပ်နယ်မှူးဦးဆောင်သောအရာရှိ၊ အရာခံစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးစည်းထိန်းသိမ်းရေးကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ကြက်​​ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများ ဝန်ထမ်းများ ပူးပေါင်း၍ လူအင်အား (၃၀၀)​ ကျော်၊ စက်အင်အားများဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ​​ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း လာရောက်ဆောင်ရွက်နေကြသူများအား ​​အထက ()​ကျောင်းဆရာ၊ ဆရာမများက​​ သောက်ရေသန့်အပါအဝင် စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့​​ကြောင်း၊ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်နေနေ့တိုင်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုခရိုင် (ပြန်/ဆက်)