ပေါင်းတည် မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် မြို့နယ်ပြည်သူ့ဆေးရုံ ဆေးထိုးစုရပ်တွင် ယနေ့ နံနက် ၉ နာရီက အသက် (၁၈) နှစ်အထက် ပြည်သူ ၃၃ ဦးအား ဒုတိယအကြိမ် (COVISHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်းကောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၆ လပြည့်သည့် ပြည်သူ (၂၂) ဦး အား Booster Dose ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)