သတင်းများ

အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်က အဆိုပါကျေးရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်
May 20,2022
တောင်သာမြို့နယ်၊ မာလာအုပ်စု၊ မာလာကျေးရွာတွင် မေလ (၁၈) ရက်နေ့က  မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထန်းပင်လဲကျ၍ ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့  မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ်တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို  ယမန်နေ့နံနက်(၈)နာရီက မြစ်သားမြို့အဝင် ဆိုင်းဘုတ်အနီးနှင့် အခွန်လွတ်ဈေးရှေ့ တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
“ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ”
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။
အောင်မြေသာစံ၌ ကျောင်းဝင်းအတွင်းစုပေါင်းသန့်ရှင်းရေးပြုလုပ်
May 20,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၆ လမ်းကြား၊ ၈၆×၈၇လမ်းကြားရှိ အမှတ်(၂၀) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့နံနက်(၈)နာရီက ကျောင်းအုပ်ဆရာမကြီးဒေါ်ဝါဝါနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးသန်းဦးနှင့် ရာအိမ်မှူးများ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့၊ တပ်ခွဲ(၂)မှ ဒုတိယတပ်ခွဲမှူး ခင်မောင်ရင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား/သူများအားဖိတ်ခေါ်၍ အင်္ဂလိပ်စာစွမ်းရည်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး
May 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ စာကြည့်တိုက်အသင်းဝင် ကျောင်းသား/သူကလေးငယ်များအားဖိတ်ခေါ်၍ အင်္ဂလိပ်စာစွမ်းရည်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
May 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က လူငယ်တွေစဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။