ဂွမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ

ဂွ မေ ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” အသိ ပညာပေးဆိုင်းဘုတ်များ စိုက်ထူပေးခြင်းဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားများကို ဂွမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဂွမြို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၆)ရက်မှဇွန်လ(၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေရည်ဝင်း(ပြန်/ဆက်)