၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်

မိုးကုတ် မေ ၁၉

မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် မေလ ၁၉ရက်နေ့ နံနက်၈နာရီအချိန်က မြို့မရပ်ကွက်၊ အောင်နန်းရပ်၊ အထက -၁ ကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ပြုလုပ်ရာ အမှတ်(၁)လှုပ်ရှား စစ်ဗျုဟာမှူဗိုလ်မှူးကြီးတင့်ဇော်ခိုင် ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့်ဌာနဆိုင်ရာ များ၊မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်နှင့်ဆရာ/မများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ စာသားပါ အနံ၃ပေ၊ အလျား ၄ပေခန့်ရှိ  ဗီနိုင်းဆိုင်းဘုတ်အား ဗိုလ်မှူးကြီး တင့်ဇော်ခိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော်နှင့် မြို့နယ်ပညာရေးမှူးဦးဝင်းအောင်တို့မှ အမွှေးနံ့သာရည်များ ပတ်ဖြန်း‌ပေးကာ တက်ရောက်လာသူများနှင့် ဝိုင်းဝန်းစိုက်ထူခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(ပြန်/ဆက်)