ထားဝယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

ထားဝယ် မေ ၁၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးအရှေ့ဘက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပေးဆိုင်းဘုတ်ကို တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူးဦးဝင်းနောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက် စိုက်ထူပေးခဲ့သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ၂၀၂၂ ခုနှစ်၊  မေလ ၂၆ ရက်နေ့မှ ဇွန်လ ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)