သတင်းများ

ကျောက်တလုံးကြီမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း ပေး
May 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာန ရုံးနှင့်ဆောက်လုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာသို့စာအုပ်၊ စာစောင်များကို အခမဲ့သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” အခြေခံပညာ သင်ယူခွင့် ရရှိစေရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့ နံနက်ပိုင်း ကဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၁၀)နာရီခွဲအချိန်ခန့်ကကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၆၆၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၁၀၈၀)ဦး စုစုပေါင်း (၃၄၁၇၄၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Astra Zeneca) ထိုးနှံသူ(၁၁)ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ(၁၁)ဦးနှင့် တတိယအကြိမ်Booster Dose ထိုးနှံသူ (၁၃၀)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၅၂)ဦးအား ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရေနံချောင်းတက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတက်ရောက်
May 20,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီက ရေနံချောင်းတက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
တိုက်ကြီးမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်​မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်များစိုက်ထူ
May 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက မောက်မယ်မြို့နယ် ပညာရေးမှူးရုံး ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုးဦးကာလကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လျှပ်စစ်ဓာတ်အာခြိုးခြံချွေတာခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများကို၊ မေလ(၂၀)ရက်နေ့ နံနက် (၁၀)နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။