တိုက်ကြီး မေ ၂၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းစသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးဌေးဌေးနှင့် အထက်တန်းကျောင်းအုပ်ဆရာ၊ ဆရာမ ၄ ဦးတို့က နည်းပြများအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပို့ချဆွေးနွေးသည်။
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကာလကို မေ ၁၉ ရက်နေ့ မှ မေ ၂၀ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းစသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ(၃၀၇)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ ဆက်)