မောက်မယ် မေ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက မောက်မယ်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂−၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် ၎င်းဆိုင်းဘုတ်များကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲကို မောက်မယ်မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းနေအောင်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုင်းလှမင်းနှင့် အခြေခံပညာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများတို့က စိုက်ထူပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)