အမာ မေ ၂၇
ဧရာဝတီဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ကစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့’’ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာအတန်းအလိုက် ဆောင်ရွက်လျက်ရှိရာ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဇွန်လ (၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကျောင်းအုပ်ဆရာမကြီးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး သက်ဆိုင်ရာ ကျေးရွာများရှိ ကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)