သတင်းများ

မိုးညိုမြို့နယ်တွင် စာရေးဆရာ လူထုစိန်ဝင်း၏ " မျှော်လင့်ချက်မဲ့အခြေနေဆိုတာမရှိဘူး " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
May 17,2022
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍
ကျိုက်ဒုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်
May 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများနေ့စဉ်ဆောင်ရွက်
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိ ပညာပေးနှိုးဆော်မှုလုပ်ငန်းနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် လိုက်လံအသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းအောင် ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်
ကမမောင်းမြို့၌   လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ
May 17,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအတွက်  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြသခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်သင်ကြား
May 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
May 17,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်
ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်များတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။