သတင်းများ

ပဲခူးတိုင်းဒေသကြီး၊ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပ
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ဖားဆောင်းမြို့နယ် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 29,2022
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၆ ရက်နေ့တွင် ဖားဆောင်းမြို့နယ်သို့ သွားရောက်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကျောက်ဖြူမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း နှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 29,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ် ကွေးရောဂါမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍  အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဒေါ့ဖုန်းယန်မြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းကျင်းပ
May 29,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေသြဇာသုံးစွဲခြင်းကိုလျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချစေရန် သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းကို တောင်သူများလေ့လာသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ
ဝေါမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရေး  စာသင် ကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
May 29,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ယမန်နေ့ နံနက် ၆ နာရီက ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ
May 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့ အခြေခံပညာအထက်တန်း​ကျောင်း၊ ရွှေစင်ခန်းမတွင်ကျင်းပသည်။
ကျိုက်မရောမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 29,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်၂၀၂၂ခုနှစ် မိုးရာသီအကြိုကာလ၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ကိုဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈နာရီက အ.မ.က. (မူလွန်)သိမ်ဖြူကုန်းကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်
May 29,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ်ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။