မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်သင်ကြား

မိုင်းဆတ် မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူဗဟိုပြု အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ၊ ပြည်သူများ အသိပညာ ဗဟုသုတရှာမှီးရာ ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် စာကြည့်တိုက် အခြေခံဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်းအား မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ မိုင်းခုတ်မြို့၊ မုံးထမြို့မှ စာကြည့်တိုက်မှူးများအား နည်းပြ(၃)ဦးမှ မေလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာကြည့်တိုက်လုပ်ငန်းနှင့်စပ်လျဉ်း၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)