ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကန်နီကြီးတဲတိုက်နှင့်အုတ်လှေကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသောကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ကွမ်းကြီးတဲတိုက်အတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့် ကြက်ကံတဲတိုက်အတွက် သောက်သုံးရေဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအသင်းအနေ ဖြင့်သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၂၇၂၀၀)ဂါလံ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော် ဆောင်ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦး (ပြန်/ဆက်)