သတင်းများ

သာစည်မြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်
Jun 08,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၃ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက သာစည်မြို့အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ ပြုလုပ်သည်။
သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီများဆက်ကပ်လှူဒါန်း
Jun 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်နှင့် ပဲဆီများလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက သီပေါမြို့နယ် ရွှေကျောင်းရပ်ကွက်ရှိ ရွှေကျောင်းဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၂၄၃၃၉) ဦး တက်ရောက် ပညာသင်ကြား
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့် လှစ်သင် ကြားပေးလျက်ရှိပြီး၊ မြို့နယ်အတွင်း ဖွင့်လှစ်သည့် အခြေခံပညာကျောင်း (၂၈၂) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၃၃၉) ဦး တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jun 08,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ
ပင်းတယမြို့နယ်၌ လက်ထောက်မူလတန်းပြဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဖွင့်လှစ်သင်ကြားပို့ချပေး
Jun 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းအခြေခံ ပညာစာသင်ကျောင်းများတွင် ပညာသင်ကြားပေးမည့် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား
အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ဗဟုသုတ ရရှိစေမည့် သုတ၊ ရသစသည့် စာအုပ်များ ငှားရမ်း
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတ
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jun 08,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလွန်ကျောင်း အမှတ် (၂၀) တို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီက လူထုအခြေပြုသင်တန်းခန်းမတွင် ကျင်းပသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲနှင့်အတူ ဘော်ဒိုးဆေးရည်နှင့် ဆေးရွက်ကြီးဆေးရည် စမ်းသပ်သရုပ်ပြခြင်းနှင့် မြေဆီလွှာစမ်းသပ်ခြင်း ဆောင်ရွက်
Jun 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က ဆင်ဂေါင်းကျေးရွာအုပ်စု၊ ရှားတောကွင်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး ဘော်ဒိုးဆေးရည်နှင့် ဆေးရွက်ကြီးဆေးရည် စမ်းသပ်သရုပ်ပြခြင်းနှင့် မြေဆီလွှာစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။