ညောင်ဦး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှအဖွဲ့ဝင် ဒေါ်စုမြတ်မွန်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်တို့က အမှာစကားပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ ညီညီနိုင်ရေးသား သည့် “အဓိကလူ လူအဓိက” စာအုပ်ပါ ခေါင်းစဉ်အပိုဒ်ခွဲအား စာအုပ်စာပေ ချစ်မြတ်နိုးသူများက ဆွေးနွေးကြသည်။ ထိုစာအုပ်တွင် မာတိကာပါ ခေါင်းစဉ်ခွဲ ၈ ခု ခွဲခြမ်းစိတ်ဖြာ ရေးသားပါရှိပြီး စာမျက်နှာ ၂၀၀ မျက်နှာပါရှိကြောင်း သိရသည်။
ကြေးမုံ