သာစည် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၃ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက သာစည်မြို့အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲဝင်များရွေးချယ်ပွဲတွင် အဆိုနှင့်အကအတွက် ကျောင်းသား/သူများ ဝင်ရောက် အရွေးချယ်ခံကြပြီး အကပြိုင်ပွဲတွင် အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူ ၂ ဦး၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အကပြိုင်ပွဲတွင် ကျောင်းသူ ၁ ဦးနှင့် အသက် ၁၅ နှစ်မှ ၂၀ အတွင်း အကပြိင်ပွဲတွင် ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး၊ အဆိုပြိုင်ပွဲတွင် အသက် ၁၅ နှစ်မှ ၂၀ အတွင်းပြိုင်ပွဲတစ်ခုသာရှိပြီး ကျောင်းသူ ၁ ဦးအား ရွေးချယ်ခဲ့ကြောင်းသိရသည်။ မြို့နယ်အဆင့် ပြိုင်ပွဲဝင်များရွေးချယ်ပွဲတွင် မြို့နယ်သဘင်အစည်းအရုံးမှ အကဲဖြတ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် ပြိုင်ပွဲဝင်များရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဆရာ/မ များနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)