ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 16,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာများ ဖြစ်သော " သရဝဏ် (ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို " ရေးသားထားသည့် "လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။