ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်

ကလိန်အောင်  ဇွန်  ၁၆

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာများ ဖြစ်သော " သရဝဏ် (ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို " ရေးသားထားသည့် "လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့  ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်‌ထောက်-၃ ဒေါ်ခင်ခင်လဲ့က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် လူငယ်များဘဝရည်မှန်းချက် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေး ဆရာများဖြစ်သော" သရဝဏ်(ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို "ရေးသားထားသော" လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်" စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်‌ ဒေါ်စန်းစန်း‌အေးနှင့် စာ‌ပေဝါသနာရှင် ဦးအောင်လင်းမြနှင့်‌‌ ဦးသူရလင်းမောင်တို့က စာအုပ်ပါ အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင် အသိပညာများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)