ပုသိမ် ဇွန် ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ ဦးစီးကျင်းပသည့် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ၆ ခရိုင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ပုသိမ်မြို့ ကိုးသိန်း မိုးလုံလေလုံအား ကစားရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး)/ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင် အားကစားအသင်းများမှ ကြီးကြပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။ ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ၊ လပွတ္တာ ခရိုင်တို့မှ အားကစားအသင်း စုစုပေါင်း (၁၀)သင်းတို့မှ ယနေ့ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကာ ဆုချီးမြှင့်ပွဲကို ၁၇-၆-၂၀၂၂ ရက်နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဌာနတွင်းထူးချွန်ဆုများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်