တံတား ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ပြည်သူအသိပညာပေး နံရံကပ်စာစောင်များအား ယမန်နေ့ နံနက် (၉) နာရီ အချိန်က ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများ၊ မိုးရာသီတွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ ဆိုင်ရာကိစ္စရပ်များစသည့် ပြည်သူတို့ သိသင့်သိထိုက်သည့် အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများစသည့် အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားရမ်းဖတ်ရှုသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)