လောင်းလုံး ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက် အထိ (၄၂၉) ဦးရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးရာ၌ တတိယအကြိမ်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနံပြီးသူ(၄၂၉)ဦးရှိ၍ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ (၃၆၃)ဦး၊ အသက်( ၁၂)နှစ်မှ ( ၁၅)နှစ်အထိ( ၁၃၇)ဦး၊ အသက်(၁၈)နှစ်နှင့် (၂၄၃)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၅)ဦးနှင့် စုစုပေါင်း ( ၁၃၇၉)ဦးရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် အသက် ၅နှစ်မှအထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသောသူများနှင့် (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအားထိုးနှံပေးခြင်း၊ ဒုတိယအကြိမ်ထိုးနှံပြီး၍ ( ၆)လပြည့်ပြီးသူများကို Booster Dose ကိုဆက်လက်ထိုးနှံပေးခဲ့ပြီး ပြည်သူများအား ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှတ်တမ်းရေးသွင်း ခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲ့တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း( လောင်းလုံး)