သတင်းများ

ကလောမြို့နယ်၌ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်
Jun 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ဝန်ထမ်းများသည်ပြည်သူများနှင့်ဆက်ဆံဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးသိရှိနားလည်ပြီးလုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်မှုကို အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်မှန်ကန်၊ မြန်ဆန်စေရန် ရည်ရွယ်ချက်များဖြင့် ယမန်‎နေ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံးခွဲ(အောင်ပန်း)မြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ကလေးခရိုင် ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံ​ရေးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် သင်ကြား
Jun 22,2022
ပို့​ဆောင်​ရေးနှင့် ဆက်သွယ်​ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီးကလေးခရိုင်ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံ​ရေးဘာသာရပ်သင်တန်း (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ဌာနယာဉ်​မောင်းစစ်​ဆေး​ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Jun 22,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်သည် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့နယ်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တောင်ပိုင်းခရိုင်တွင် ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား
Jun 22,2022
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်သူများအား နေ့စဉ်ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ သန်လျင်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတွင် ဇွန် ၂၀ ရက်နေ့မှစ၍ ၂၄ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁)အား နေ့စဉ် ညနေ ၄ နာရီမှစ၍ သင်ကြားပေးလျက်ရှိသည်။
သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  (ပထမအကြိမ်) ဆက်လက်ထိုးနှံဆောင်ရွက်
Jun 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက်
ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြသ
Jun 22,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစားအစာနေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်၁၀နာရီက ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာရှိ တောင်သူ ဦးထွန်းဟန်၏ မြေတစ်ဧက၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်
Jun 22,2022
၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။
ပေါင်းတည်မြို့နယ်တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် ၁၉- ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ကြူတောကန်အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။