မိုင်းပျဉ်း ဖေဖော်ဝါရီလ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဝမ်ယန်းရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်း၊ စာပေ၏အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းအလေ့အထ ရရှိစေရန်ရည်ရွယ်၍ လည်းကောင်း၊ စာဖတ်ရှိန်မြှင့်မားစေရေး အတွက်လည်းကောင်း၊ ကလေးများအသိပညာဗဟုသု တိုးပွားလာစေရန်အတွက်လည်းကောင်း စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူ များ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ပျော်ရွှင်ကြစေရန် ဂိမ်းကစားနည်းများကိုလည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲသို့ ဝမ်ယန်းရွာ၊ အမကမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)