(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအသိပညာပေးဖြန့်ဝေ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် အသိပညာပေးဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၂၀.၂.၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းကောက်နုတ်ချက်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂.၂.၂၀၂၂  ရက်နေ့  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ် နဲ့ ကဗျာ ၊ ကာတွန်း၊ ဆောင်ပုဒ်များစသည် တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

 မြို့နယ်( ပြန်/ဆက်)