ကလိန်အောင်မြို့နယ်တွင် ဒေသထွက် သီဟိုဠ်စေ့များ ဈေးကောင်းရရှိရန် မျှော်လင့်

ကလိန်အောင်   ဖေဖော်ဝါရီ   ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သီဟိုဠ်ခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်သီဟိုဠ် ပင်များအဖူးအပွင့် ပွင့်ချိန်အပွင့်များ လှိုင်လှိုင်ပွင့်နေကြကာ အသီးသီးပြီး ရောင်းချရတဲ့အချိန်ဆိုရင် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမ‌ကောင်းမှာကို စိုးရိမ်နေကြကြောင်းဒီနှစ်တော့ဈေးနှုန်း ကောင်းကောင်းရရှိရန်မျှော်လင့်လျက်ရှိသည်။

" မနှစ်ကတော့ အခုလို ဖေ‌ဖော်ဝါရီလပိုင်းသီဟိုဠ်စေ့ စပေါ်ချိန်မှာ ဈေးနှုန်းကတစ်ပိဿာကိုငွေ (၂၇၀၀)ကျပ်လောက်ပဲရပါတယ်" ဒီနှစ်တော့ စထွက်ချိန်ကတည်းက ဈေးကောင်းရရန်မျှော် လင့်နေသည်"ဟုကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက်တောင်သူတစ်ဦးက‌ပြောသည်။

အဆိုပါ "သီဟိုဠ်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး စတင်စိုက်ပျိုးအချိန်မှ ဆယ်နှစ်အတွင်း အသီးသီးနှုန်းကောင်းမွန်ကာ အပင်သက် တမ်း ဆယ်နှစ်ကျော်လျှင် အပင်သာကြီးလာပြီး အသီးသီးနှုန်းမှာလည်းလျော့နည်းလာကြောင်း အချို့နှစ်များတွင် မသီးသည့် နှစ်များရှိလာသလို ယခုနှစ်တွင်သီဟိုဠ်ပင်များသည် အဖူးအပွင့်ပွင့်ပြီး အသီးတင်၍ ဈေးကွက်လည်းကောင်းမွန်လာစေဖို့ "မျှော်လင့်လျက်ရှိ‌ကြောင်း သီဟိုဠ်ခြံစိုက်တောင်းသူတစ်ဦးကပြောသည်။

ခင်ခင်လဲ့ (ကလိန်အောင်)