မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဆီနေကြာ(ရေဆင်းစပ်မျိုး)သီးသန့်စိုက်ပျိုးခြင်း၊ပဲပုတ်နှင့်ဆီနေကြာသီးညှပ်စိုက်ပျိုးခြင်းအား ကွင်းဆင်းစစ်ဆေး

မိုင်းငေါ့ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကွန်ကောက်ကျေးရွာရှိ တောင်သူဦးထွန်းအေး၊ ဦးစိုးသိန်း၊ ဦးအာယုတို့ စိုက်ပျိုးထားသော ဆီနေကြာ(ရေဆင်းစပ်မျိုး) သီးသန့်စိုက်ပျိုးနေမှုများအား ယနေ့နံနက်(၁၁)အချိန်ခန့်က ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဆီနေကြာ(ရေဆင်းစပ်မျိုး) သီးသန့်စိုက်ပျိုးခြင်းနှင့် ရေဆင်းပဲပုတ် ၁၅၊ ရေဆင်းပဲပုတ် ၁၂ များနှင့် ပဲပုတ်နှင့်နေကြာသီးညှပ်စိုက်ပျိုးခြင်းကို မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ရီရီလွင်ကကွင်းဆင်း၍ စမ်းသပ်စိုက်ပျိုးတောင်သူများအား ဆီနေကြာစိုက်ပျိုးထားရှိမှုသားခွဲခြင်း၊ ကျွေးနည်းစနစ်များ၊ နေကြာသီးသန့်စိုက်ပျိုးမှု ၅ ဧက၊ ပဲပုတ်နှင့်နေကြာသီးညှပ်စိုက်ပျိုးမှု ၅ ဧကကို လယ်စိုက်ပျိုးရိတ်သိမ်းအပြီး နွေသီးနှံအဖြစ် စိုက်ပျိုးခြင်းဖြစ်ကြောင်း ရှင်းလင်း‌ဆွေးနွေးပြောကြားပြီး စမ်းသပ်စိုက်ပျိုးတောင်သူများအား ရွက်ဖြန်းမြေဩဇာ‌များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)