ညောင်လေးပင် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ စဲဖဲစံပြကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရူပနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား လူငယ်များအနေဖြင့် သိသင့်သိထိုက်သောအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူရေးရာနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သောအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စာသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)