သတင်းများ

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲကျင်းပဆောင်ရွက်
Feb 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီခွဲ အချိန်ခန့်က ကျိုင်းတောင်းမြို့ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club)နှင့်ပူးပေါင်း၍ မိဘပြည်သူများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်း အရာများကို သိရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုရည်ရွယ်၍
ဘားအံမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ပြုလုပ်
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 09,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ စာဖတ်ရှိန်မြှင့်တင်စေရေးအတွက် စာပေချစ်မြတ်နိုးသူ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်မြတ်နိုးသူ လူငယ်များအဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အဆိုပါခန်းမအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် Grade 5 နှင့် Grade 9 စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းဖွင့်လှစ်
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် Grade 5 နှင့် Grade 9 စာမေးပွဲကျင်းပ ဆောင်ရွက်ရာတွင် အမှားကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး အတွက် စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။