ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် Grade 5 နှင့် Grade 9 စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းဖွင့်လှစ်

ဒဂုံတောင် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် Grade 5 နှင့် Grade 9 စာမေးပွဲကျင်းပ ဆောင်ရွက်ရာတွင် အမှားကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် Grade 5 နှင့် Grade 9 စာမေးပွဲဆိုင်ရာ သင်ခန်းစာများကို ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရနှင့် လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ဆရာ၊ ဆရာမများက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဆရာ၊ဆရာမ (၈၉) ဦးအား (၁) ရက်တာ သင်တန်းဖွင့်လှစ်သင်ကြားပေးကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။

သက်မင်းဟန်(ဒဂုံတောင်)