ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝငဲစာမေးပွဲ သင်္ချာဘာသာရပ်၌ ၉၀ ရာခိုင်နှုန်းခန့် ဖြေဆို

ရန်ကုန်  မတ်  ၁၀

ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုရာ ရန်ကုန်တိုင်းဒေသကြီးရှိ စာ​ဖြေဌာန ၈၃ ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ချာဘာသာရပ်ကို ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ ၂၆၈၁၄ ဦးရှိသည့်အနက် ၂၀၇၆၄ ဦး ဖြေဆိုသည့်အတွက် ၈၈ ဒသမ ၆၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း တိုင်းဒေသကြီးပညာရေးမှူးထံမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်္ချာဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်ဆက်)