သတင်းများ

ကြံခင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုရှိ လမ်းများတွင်  ဆောင်ရွက်ကြကြောင်း သိရသည်။
ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများ ရွေးချယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမှု ၉၅.၅ ရာခိုင်နှုန်းရှိ
Mar 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး အများမြင်သာသည့်နေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် နတ်မော်အုပ်စု၊ နတ်မော်ကျေးရွာ ကွက်သစ်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မှုခင်းလျော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် စပျစ်ပင်များ အောင်မြင်ဖြစ်ထွန်း
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး စျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
မိုင်းတုံမြို့၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ ဌဒေါ်ဝင်းဝင်းမှ ကြီးမှုကျင်းပသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာအသိပညာပေးဟောပြော ပွဲကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လွယ်ခမ်းလုံအုပ်စု လွယ်ခမ်းလုံကျေးရွာ အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဝင်ရောက်ဖြေဆို
Mar 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။