မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် စပျစ်ပင်များ အောင်မြင်ဖြစ်ထွန်း

မြို့သစ် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး စျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

"ယခုနှစ်စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီးတစ်ပိဿာကို (၈၀၀၀)ကျပ်စျေးအထိ ရောင်းရတယ်၊ စျေးထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက် ပိုကိုက်တာပေါ့။ စိုက် ပျိုးသည့်မြေအနေအထားကတော့ ယာမြေကို နွားချေးမြေဩဇာတို့နဲ့ ဦးစွာ မြေပြင်ခြင်းဆောင်ရွက်ရတယ်၊ စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေပြုပြင်ခြင်း၊ ခြံစောင့်တဲအိမ် ဆောက်လုပ်ခြင်း၊ စပျစ်မျိုး ဝယ်ယူခြင်းတို့အတွက် ကုန် ကျစရိတ် သိန်းနှစ်ဆယ်မှ နှစ်ဆယ့်ငါးသိန်းဝန်းကျင် ကုန်ကျပါတယ်။ စပျစ်ခြံစိုက်ပျိုးမှုအောင်မြင်လာရင် တစ်နှစ်အတွင်း သိန်းသုံးဆယ်မှ သုံးဆယ့်ငါးသိန်းဝန်းကျင်ခန့်ရရှိတာကြောင့် စိတ်ပါဝင်စားစွာ ဂရုစိုက်၍ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက အဆင် ပြေလာနိုင်ပါတယ်” ဟု စပျစ်စိုက်တောင်သူ ဦးလှဌေးထံမှ သိရသည်။

မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်ကာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးတောင်သူများသည် "ပဲ၊ ပြောင်း၊ စပါး၊ နှမ်း၊ မြေပဲနှင့်နေကြာ" စိုက်ပျိုးခြင်းနှင့်အတူ စပျစ်စိုက်ပျိုးခြင်းကိုပါ တွဲဖတ်၍ လုပ်ကိုင်လာပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)