နမ္မတူ မတ် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာတွင် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများကဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ယနေ့ဓါတုဗေဒ ဘာသာရပ်တွင် ကျောင်းသားကျောင်းသူ အတွင်းဖြေ ၁၂ဦး၊ အပြင်ဖြေ ၈၉ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၀၁ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)