မိုင်းတုံ မတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ ဌဒေါ်ဝင်းဝင်းမှ ကြီးမှုကျင်းပသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာအသိပညာပေးဟောပြော ပွဲကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လွယ်ခမ်းလုံအုပ်စု လွယ်ခမ်းလုံကျေးရွာ အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက ကျွန်မတို့ အမျိုးသမီးရေးရာအနေဖြင့် လူမျိုးရေးဘာသာရေးမခွဲခြားဘဲ တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးအနေဖြင့် လူမျိုးမတူညီခြင်းဖြစ်သည့်အတွက် အပြောအဆိုတွင် မြို့ပေါ်နှင့်ကျေးရွာ ကွာခြားနေတာဖြစ် ကြောင်း၊ မြို့ပေါ်သို့ ဈေးဝယ်တက်လာသည့်အခါ ဆိုင်ကယ်စီးဦးထုပ်များဆောင်းလာကြစေလိုကြောင်း၊ ဆိုင်ကယ်ကို သေချာစစ်ဆေးပြီးမှ မောင်နှင်းကြရန်၊ ဆိုင်ကယ်များ မဆင်မခြင်မောင်နှင်းသည့်အတွက် အချင်းချင်း တိုက်မိခြင်း၊ ဘရိတ်ပေါကခြင်းအန္တရာယ် စသော မိမိတို့၏ ဘေးအန္တရာယ်ကိုကာကွယ်နိုင်ကြောင်း နွေရာသီရောက်ပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားကြစေလိုကြောင်း အစရှိသည်တို့ကို အကျယ်တစ်ဝန်း ဆွေးနွေးပြီးနောက် မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ဥပဒေနဲ့ပတ်သက်သည့် အကြံပြုလိုသည့်အကြောင်းအရာများကို အကျယ်တစ်ဝန်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)