ကျောက်မဲမြို့တွင် ၂၀၂၃ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ စ၍ ကျင်းပမည်
Mar 14,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန် ကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များတို့ တက်ရောက်ပြီး ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။