ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည်  မတ်  ၁၄

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြု ဗဟိုဌာနတွင်နေ့လယ်(၁၁)နာရီခွဲအချိန်က ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လမ်းလျှောက်သူများအနေဖြင့် လမ်းဖြတ်ကူးပါက လိုက်နာရမည့် အချက်များ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ခရီးသွားပါ သတ်မှတ်ယာဉ်ကြောမှ မောင်နှင် ကြရန်၊ တစ်စီးနှင့်တစ်စီးကပ်လိုက်ပြီး မောင်းနှင်ခြင်းမပြုကြရန်၊ လုမမောင်းကြရန်၊ လမ်းမကြီးမှယာဉ်ကို ဦးစားပေးရန်၊ လမ်းကွေ့ပါက ကြိုတင်အချက်ပြရန်၊ လမ်းဆုံလမ်းကွေ့များတွင် အရှိန်လျော့မောင်းကြရန်၊ မော်တော်ဆိုင်ကယ် စီးနှင်ပါက လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ်များဆောင်းပြီး မေးသိုင်း ကြိုးတပ်ဆင်ကြရန်၊ လမ်းပြောင်ပြန် မမောင်းရန် စသည့် လိုက်နာရမည့် စည်းကမ်းများအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀)တွင် ပြဋ္ဌာန်းထားသော ပုဒ်မ ၇၅ ပါအကြောင်းအရာများနှင့် ပုဒ်မ(၇၆)၊ (၇၇)၊ (၈၀)၊ (၈၁)၊ (၈၂)၊(၈၃)၊ (၉၆)၊(၉၇)အကြောင်းများနှင့် ရဲအရေးပိုင် ပုဒ်မများဖြစ်သည့် ပုဒ်မ(၇၈)၊(၇၉)၊(၈၄)(၈၅) အကြောင်းအရာများအား ဟောပြောခဲ့ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်၊ ပြန်/ဆက်)