မိုင်းရယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဖြေဆို

မိုင်းရယ် မတ် ၁၄

အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၇)နှင့် အတွဲ(၁)ကိုဖြေဆိုရန် စာရင်းရှိ ကျား (၁၂)ဦး၊ မ (၁၃)ဦး စုစုပေါင်း (၂၅)ဦးရှိပြီး ယနေ့လာရောက်ဖြေဆိုသည့် ကျေောင်းသား၊ ကျောင်းသူ ၂၁ ဦး ပျက်ကွက်သူ ၄ ဦးဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)