ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ကြက်ခြေနီအသင်း အစည်းအဝေးဆွေးနွေးပွဲပြုလုပ်

ရေဖြူ  မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့ နံနက်(၉) နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။      

အဆိုပါ အစည်းအဝေးတွင် ရေဖြူမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြို့နယ် ကြက်ခြေနီတပ်အသင်း၏ ရှေ့လုပ်ငန်းစဥ်များ၊ လူမှုဂရုဏာကူညီရေး လုပ်ငန်းဆောင်ရွက်‌နေမှု၊ သင်တန်းများဖွင့်လှစ်ပေးနေမှုတို့ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ကြက်ခြေနီအသင်းဝင်များက သင်တန်းဖွင့်လှစ်နိုင်မှု၊ ရန်ပုံငွေရရှိမှု၊ တစ်လတာအတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်နိုင်မှုတို့ကို တင်ပြကြရာ မြို့နယ်ကြက်‌ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်‌မောင်မြင့်က တင်ပြလာသည့်အပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးညှိနှိုင်းပေးခဲ့ပြီး အဆိုပါအစည်းအဝေးကိုကြက်ခြေနီအသင်းဝင် (၁၅)ဦးတို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

ခတ္တာ