ငပုတောမြို့၌ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် ကျောင်းကျန်းမာရေးသတင်းပတ် လှုပ်ရှားမှုမြို့နယ်အဆင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ စာစီစာကုံး၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.ကငပုတောနဝရတ်ခန်းမ၌ ကျင်းပပြုလုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကောိမတီဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။