သတင်းများ

တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပြည်သူများအကြား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန် ရည်ရွယ်၍  အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ ၁ ရက် နံနက်ပိုင်းက လူစည်ကားရာ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမတွင် ဖြန့်ဝေပေးခဲ့ကြသည်။
တာချီလိတ်မြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်ပေး
Jun 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (မိုင်းကိုး) တွင် ကွင်းဆင်းပြုလုပ်ပေးသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တောင်သူများအား မိုးရာသီမျိုးစေ့နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်
Jun 02,2026
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့်တာဝန်ရှိသူများသည် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီအချိန်က နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မိုးရာသီမျိုးစေ့နှင့်သွင်းအားစုများ ချီးမြှင့်‌ပေးအပ်ပွဲသို့‌ရောက်ရှိကာ ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်) နှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
Jun 02,2026
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်)နှင့် တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Jun 02,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jun 02,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ မီးဘေးလုံခြုံရေး စစ်းဆေး
Jun 02,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့ပေါ်ရပ်ကွက်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်ခိုးခန်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချမ်းမြသာစည်မြို့နယ်ရုံး၌ မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရက် ၁၀၀ စီမံချက်​ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။