မြိတ်တက္ကသိုလ်တွင် ခါဝသန် အဆိုပြိုင်ပွဲ ကျင်းပ
Aug 13,2025
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပညာရပ်များအပြင် အသိပညာ အတတ်ပညာနှင့် ပြည်စုံသည့် လူတော်လူကောင်းများ ဖြစ်စေရန် စာပေ၊ အနုပညာ၊ အားကစားပြိုင်ပွဲများကို ကဏ္ဍအလိုက် နှစ်စဉ် ကျင်းပပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ “ခါဝသန်အဆိုပြိုင်ပွဲ”ကို ကျင်းပခဲ့ကြောင်း သိရသည်။