သင်္ဃန်းကျွန်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ကျိုက္ကစံဘုရားလမ်း သဟပုညကာရီဓမ္မာရုံ၌ ဓမ္မကြေးမုံမှ အဘိဓမ္မာသင်တန်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းအား အဘိဓမ္မဓရ အဘိဓမ္မာဓိဂမဆရာကြီး ဦးတိုးဝင်းထွန်း ကလျာဏဉာဏဓဇ ဒီဃနိကာယဝေဒဂူ၊ သင်တန်းမှူးဆရာမ အဘိဓမ္မဓရ ဒေါ်သင်းသင်းကြူနှင့် လက်ထောက်ဆရာ/ဆရာမများက အဘိဓမ္မာ၊အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) သုတဓမ္မ LEVEL 1.2.3 တို့အား အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ ညနေ (၃) နာရီမှ (၅) နာရီထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၁) ရက်နေ့မှ နိုဝင်ဘာလကုန်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုး