ပန်းတောင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲတော်အား အ.ထ.က (ခွဲ) ပေကုန်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၃၁ ရက်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့၀င်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးထက်အောင် -၁ နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော် ကျင်းပဆောင်ရွက်ရာကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊မယ်ဇယ်၊ ခရေ၊ စိန်ပန်း၊ ငု စရှိသည့် အရိပ်ရ၊ ပန်းအလှပျိုးပင် (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)