မြောက်ဥက္ကလာပမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Apr 03,2023
မျိုးဆက်သစ်လူငယ်များမှ တပ်ဖွဲ့ဝင်များ တိုးပွားလာစေရန်နှင့် တစ်အိမ်တစ်ယောက် ကြက်ခြေနီ ရှေးဦးပြုစုခြင်း နည်းပညာများ တက်မြောက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးစွာပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၃)ကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က(၁)မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။