သတင်းများ

သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၃) ဖွင့်လှစ်
Mar 30,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန်  လုပ်ငန်းစွမ်းဆောင်ရည်  မြင့်မားရေးသင်တန်း  အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌  ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ ဖြေဆို
Mar 30,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အမှတ်(၆)ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ မတ်လ(၂၈)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ရဟန်း၊ သံဃာ၊ သီလရှင်၊ လူစုစုပေါင်း( ၂၄၂)ပါးဖြေဆိုခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့နံနက် (၉)နာရီခွဲက ကညင်ချောင်းကျုံဖား ကျေးရွာအုပ်စု၊  မရမ်းဂွ ကျေးရွာ အ-ထ-က(ခွဲ)၊ ကျောက်စိမ်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို
Mar 30,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ တတိယနေ့တွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ယနေ့ နေ့လည် ၁၂နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခ ကျောင်းတိုက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဆုချီးမြှင့်
Mar 30,2023
၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
ရသေ့တောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်း ရောင်စီမံကိန်း ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Mar 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးမြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ ကွန်ပျုတာသင်တန်းဆင်းပွဲကျင်းပ
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်‌၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေး၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဆက်လက်သင်ကြားပေး
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှု တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့မဘောလုံးကွင်းနှင့်သက်ဆိုင်ရာအားကစားခန်းမများတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။