သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သင်္ဃန်းကျွန်း ဧပြီ  ၃

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉:၀၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သင်္ဃန်းကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးမှ မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ပြည်သူများပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့် ဆောင်ရွက်ပြီး လမ်းလျောက်သင်္ကြန်ကိုလည်း စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး မဏ္ဍပ်ဆောက်လုပ်မည့်နေရာ ရွေးချယ်ထားမှုနှင့် မဏ္ဍပ်ဆောက်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်း ထားရှိမှု၊ အခမ်းအနားပြင်ဆင်မည့် အခြေအနေများ၊ ရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ရေး စီမံထားမှုအခြေအနေများ၊ ကြိုဆိုနေရာချထားရေး၊ ဖိတ်ကြားရေးနှင့်ဧည့််ခံရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းထုတ်ပြန်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ၊ ဖျော်ဖြေရေး၊ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲကျင်းပရေးနှင့် ငါးလွှတ်ပွဲကျင်းပရေးတို့အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းထားမှု အခြေအနေများ စသည်ဖြင့် ကော်မတီအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်ကော်မတီ အသီးသီးအလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌက  ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျသည့် ကော်မတီအသီးသီးရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ယခင်နှစ်ကအားနည်းချက်များကို ပြင်ဆင်၍ အားသာချက်များဖြစ်လာအောင် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးစည်းစည်းလုံးလုံး တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကိုဘုန်း(ပြန်/ဆက်)