မြောက်ဥက္ကလာပ ဧပြီ ၃
မျိုးဆက်သစ်လူငယ်များမှ တပ်ဖွဲ့ဝင်များ တိုးပွားလာစေရန်နှင့် တစ်အိမ်တစ်ယောက် ကြက်ခြေနီ ရှေးဦးပြုစုခြင်း နည်းပညာများ တက်မြောက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးစွာပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၃)ကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က(၁)မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦစွာ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကျောင်းသား/သူများ ကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို သိရှိစေရန် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်းနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဌာန၊ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအချိန်ဇယားအတိုင်း ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)