စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူသော သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

စလင်း ဧပြီ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စလင်းမြို့ မြတ်ရတနာ ဓမ္မာရုံကြီးအတွင်း၌  ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသုခိတာရာမ စိန်ပန်းကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီးနောက် မြို့နယ်သံဃနာယကကြီးကြပ်ရေး ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခဲ့ကြသည့် စာအောင်သံဃာတော်များနှင့်သီလရှင်ဆရာလေး စုစုပေါင်း(၂၅)ပါးတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့မိမြို့ဖများက လှူဖွယ်ဝတ္တုပစ္စည်းများ၊ ဆုငွေများများနှင့် ပါဠိပထမပြန်စာအောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသုခိတာရာမစိန်ပန်းကျောင်းတိုက် ပဓါနနာယက ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ အနုမောဒနာတရားများကို ချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)